စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပဲတီစိမ်းဧကပေါင်း ၅.၇ သိန်းကျော် စိုက်ပျိုးရန်လျာထားကြောင်း သိရပါသည်။ မိုးပဲတီစိမ်း ဧက ၄.၇ သိန်းကျော်နှင့် ဆောင်းပဲတီစိမ်း ဧက ၁ သိန်း ခန့် လျာထားပါသည်။
မေလ တတိယအပတ်တွင် မုံရွာကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်နေသော ပဲတီစိမ်းကြီး ဈေးနှုန်း မှာ တစ်တင်း ၉၀၀၀၀ မှ ၁၀၂၀၀၀ ကျပ်၊ ပဲတီစိမ်းသေး တစ်တင်း ၉၅၀၀၀-၁၀၀၀၀၀ ကျပ်ရှိပြီး ယခင် အပတ် မေလ ၁၃ ရက်နေ့ ပေါက်ဈေးနှုန်းမှာ ပဲတီစိမ်းကြီး တစ်တင်း ၁၂၃၀၀၀ ကျပ်နှုန်းရှိပြီး ယခင် အပတ် ပေါက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဈေးအနည်းငယ်ကျဆင်းလာကြောင်း သိရပါသည်။
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး